Sunday, 5 June 2011

{ချစ်သူဟောင်း} 05-06-2011- 12-40 am

ဒီမှာကောင်မလေး လေမုန်းတွေတိုက်တိုင်း ငါတိုရဲ့အချစ်တွေ
ရိုင်လဲရတော့မှာလား မင်းပြောတော့ခိုင်မြဲပါတယ်ဆို
အခုတော့ အလွယ်တကူနဲ.ရိုင်လဲတော့မျာလား
မင်နဲ.ငါ ချစ်ခဲ့ရတာ အိမ်မက် မက်နေရတော့မဟုတ်ပါနော်
ငိုနေချိန် ပဝါလေးထုတ်လို. သုတ်ပေးခဲ့အငိုမျက်ရည်တွေ
မင်းမေ့သွားပီလား၊
အတင်းတိုးဝင်ခဲ့ဖူးတဲ့ ကိုရင်ခွင်ကို ခြေစုံကန်ထွက်ပြေးသွားပီလား
ဟန်ဆောင်ကာအငိုမပြတော့ပါဘူး လွမ်းနေလဲဘာမှမထူးလို.
နေရာဟောင်းလေးက ကိုယ့်အတွက်အလွမ်းပြေ၊
မင်းပေးခဲ့ဖူးတဲ့ ပန်းတွေ နွမ်းခြောက်သွားပေမဲ့
 လွမ်းသလောက်တော့ မွေးနေပါသေးတယ်
အခုတော့ကိုယ်တစ်ယောက်ထဲ လွမ်းစရာပန်းပင်အောက်မှာ
ပန်းကောက်ရင်းမင်းကိုမျှော်၊
မျှော်နေတာမင်းမသိလို.လား သရော်သရောင်အပြုံးတွေနဲ.
မင်းတကယ် မုံန်းသွားပီလားမိန်းကလေး
မင်းရင်ထဲက အချစ်တွေကိုနားလည်နိုင်ဆုံးသူက ဘယ်သူလဲ။


{ငွေကိုမြင်ရဲ့လား} 05-06-2011 02-15 am

အချစ်ကကျွန်တော်အတွက် သာရတဲ့ကဗျာတစ်ပုတ်ဖြစ်မလာခဲ့တော့
ကြမ်းထန်းတဲ့ အိမ်မက်တွေကို နေ.တိုင်းမက်ခဲ့ရတယ်
မလှပတဲ့ကျွန်တော်ရဲ့ဘဝဟာ ခံစားချက်တွေလဲမှေးမိန်တယ်
အချစ်ကိုရင်နာနေလဲ ဘဝဟာ ထူးခြားမလာပါဘူး၊
တစ်ခုတော့ရှိတယ် သုံညဟာသူ.ကြီးဘဲအသုံးမကြပေမဲ့
သူ.ရဲ့ရှေ.မှာ ဂဏန်းသာတတ်လိုက်
လိုက်ဖက်တဲ့ ဖယ်ရှင်ရှိုးလို ဝိုင်းနေတဲ့ပရိတ်သတ်တွေအများကြီပါ၊
အင်အားကြီးလွန်းတဲ့ ငွေ အနေရခက်အောင် ကျွန်တော်ကိုကြည့်တော့
တန်ဖိုးဖြတ်တဲ့မျက်လုံးတွေနဲ. အကြည့်ခံလိုက်ရတဲ့ကျွန်တော်
ကိုကိုယ့်ကို အဖိုးနိမ့်သူလို.ခံစားလိုက်ရတယ်၊
ကံကိုမယုံတဲ့လူ ဘဝကိုပုံခြတယ် ဘဝကိုမယုံတဲ့လူ ကံကိုပုံခြတယ်
ဘာကိုမှမယုံတဲ့ကျွန်တော် ကဲ့ရဲ့တတ်တဲ့ပတ်ဝန်းကြင်ကိုအပြစ်ပြောချင်တယ်
ကဗျာမဆန်တဲ့အချစ်ကို တမင်တကာလိုက်မရှာတော့ပါဘူ
အပျင်းပြေ ကဗျာပဲရေးတော့မယ်။
                                                                 91  ကန္တာရ စစ်ကိုင်းတိုင်း
                                                                   …………………………

No comments:

Post a Comment