ချစ်ခင်မေတ္တာမျှကြတဲ့
လူ ၂ ဦးကြားမှာ တစ်ခါတစ်ရံ အေးစက်တဲ့ ဆက်ဆံရေးတွေနဲ့
သွေးမနွေးတော့ဘူးဆိုတာမျိုးတွေ ရှိနေတတ်ကြမှာပါပဲ ။ အဲဒီလို
အခြေအနေမျိုးတွေအထိ တွေ့ကြုံမလာကြစေဖို့ မရိုးနိုင်တဲ့ စကားလေးတွေ၊
ဟန်ဆောင်မှုမပါတဲ့ ကိုယ်ဟန်အမူအရာကလေးတွေနဲ့ ချစ်သူ ၂ ဦးကြားက အချစ်စိတ်ကို
နွေးထွေးတက်ကြွလာစေနိုင်တယ် ဆိုတာ အကြံပေးချင်လို့ပါ။
လက်တွေ့ဘ၀ထဲက
နည်းလမ်းကလေးတွေ ဖြစ်ပြီး သင်နဲ့ သင့်လက်တွဲဖော်တို့ကြားက အချစ်တွေ
သွေးနွေးလာစေဖို့ အသုံးဝင်နိုင်စရာတွေလည်း ဖြစ်ပါလိမ့်မယ် ။
၁။
"မင်းကိုချစ်တယ်" ဆိုတဲ့ စကားလေးပါ ။ ရှက်နေဖို့ မလိုပါဘူး ။
တကယ်ရင်မှာရှိနေတာပဲ။ နေ့စဉ် ၁ ကြိမ်လောက်တော့ ကိုယ့်ချစ်သူကို ပြောလိုက်ပါ
။ ဒီစကားလေးကို ကြားရတဲ့ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျာင်္းလေးပဲဖြစ်ဖြစ်
ကိုယ့်အပေါ် ယုံကြည်စိတ်ချမှု ပိုတိုးလာပါတယ် ။ ဒါ့အပြင် ကိုယ့်အပေါ်
တုံ့ပြန်ချစ်စိတ်တွေလည်း သူ့ဆီမှာ နိုးကြားလာပြီး အချစ်တွေ
နုပျိုရှင်သန်နေပါလိမ့်မယ် ။
၂။ ကိုယ့်လက်တွဲဖော်ကို သူ
မမျှော်လင့်လဲ ရုတ်တရက် ပွေ့ဖက်လိုက်တာ၊ ကြင်နာမှုအပြည့်နဲ့
အနမ်းပွင့်ခြွေလိုက်တာ၊ ဒါမှမဟုတ် ကလိထိုး စနောက်လိုက်တာမျိုးဟာ သူ့ကို
ရုပ်ပိုင်းဆိုင်ရာ လန်းဆန်းအားတက်မှုကိုဖြစ်စေပါတယ် ။ အရေးကြီးတဲ့ အပြုအမူ ၃
ခုလို့ ဆိုချင်ပါတယ် ။
၃။ ဓါတ်ပုံဟောင်းလေးတွေကို ၂ ယောက်အတူ
ပြန်ကြည့်ရင်း တစ်ချိန်က သတိရစရာလေးတွေ၊ ချစ်ပုံရိပ်တွေကို
စမြုံ့ပြန်ကြတာဟာလည်း နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ် ။
၎။ ချစ်သူရဲ့ မွေးနေ့နဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ကို မမေ့စေနဲ့ ။ ဒီထက်အရေးကြီးတာ ဘာမှမရှိလို့သာ အပြီးတိုင်မှတ်ထားကြစို့ ။
၅။ ပြုံးပြပါ ။ ဘာအကြောင်းမှမရှိလည်း ပြုံးပါ ။ တစ်ဦးနဲ့တစ်ဦး ပြုံးပြီးကြည့်ပါ ။
၆။
သင့်ချစ်သူကို သင် ဘာကြောင့်ချစ်တယ်ဆိုတာ ပြောပြဖို့လည်း မမေ့ပါနဲ့။
ရိုးသားလို့၊ဥာဏ်ထက်လို့၊ စိတ်ကူးသစ်တွေရှိလို့ သဘောကျမိတာ ဆိုတာမျိုး
ပြောပြထားခြင်းဟာ သူ့စိတ်ဓါတ်နဲ့ သူ့အားမာန်ကို အကောင်းဆုံးပြုစုပျိုးထောင်
ပေးခြင်းပင် ဖြစ်ပါတယ် ။
၇။ သင့်ချစ်သူပြောချင်တဲ့ စကားလေးတွေကို
နားထောင်ပေးပါ ။ကိုယ်နဲ့တိုက်ရိုက် မသက်ဆိုင်ရင်တောင် သူ့ရင်ထင်မှာ
တင်းကျပ်လို့ ဖွင့်တာကို ဂရုတစိုက်နားထောင်ပေးတာဟာ သူ့ကို သိပ်ကြင်နာရာ
ရောက်ပါတယ် ။ကိုယ့်အကြိုက်နဲ့ ထပ်တူကျကျ မကျကျ အတူတူမျှဝေပေးတယ်ဆိုတာ
ချစ်သူတွေကြားက အရေးပါတဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ် ။
၈။ လက်ကို
မြဲမြဲဆုပ်ကိုင်ပေးပါ ။ သိပ်ရိုးစင်းတဲ့ အပြုအမူပဲလို့ ထင်စရာရှိပေမဲ့
ကြင်နာသူကို သိပ်အားရှိသွားစေတဲ့ အားပေးမှုဆိုတာ အသေအချာပါ ။
လက်ချင်းမြဲမြဲဆုပ်တာ တကယ့်အားဆေးပါ ။
အားလုံးပဲ ကိုယ်ချစ်တဲ့သူနဲ့ အဆင်ပြေနိုင်ကျပါစေ။ မေးလ်ထဲရောက်လာတဲ့ စာလေးပါ။
No comments:
Post a Comment