Sunday, 10 July 2011

မရိုးနိုင်သော အဖိုးတန်စကားလေး "ချစ်တယ်"

ချစ်ခင်မေတ္တာမျှကြတဲ့ လူ ၂ ဦးကြားမှာ တစ်ခါတစ်ရံ အေးစက်တဲ့ ဆက်ဆံရေးတွေနဲ့ သွေးမနွေးတော့ဘူးဆိုတာမျိုးတွေ ရှိနေတတ်ကြမှာပါပဲ ။ အဲဒီလို အခြေအနေမျိုးတွေအထိ တွေ့ကြုံမလာကြစေဖို့ မရိုးနိုင်တဲ့ စကားလေးတွေ၊ ဟန်ဆောင်မှုမပါတဲ့ ကိုယ်ဟန်အမူအရာကလေးတွေနဲ့ ချစ်သူ ၂ ဦးကြားက အချစ်စိတ်ကို နွေးထွေးတက်ကြွလာစေနိုင်တယ် ဆိုတာ အကြံပေးချင်လို့ပါ။

လက်တွေ့ဘ၀ထဲက နည်းလမ်းကလေးတွေ ဖြစ်ပြီး သင်နဲ့ သင့်လက်တွဲဖော်တို့ကြားက အချစ်တွေ သွေးနွေးလာစေဖို့ အသုံးဝင်နိုင်စရာတွေလည်း ဖြစ်ပါလိမ့်မယ် ။

၁။ "မင်းကိုချစ်တယ်" ဆိုတဲ့ စကားလေးပါ ။ ရှက်နေဖို့ မလိုပါဘူး ။ တကယ်ရင်မှာရှိနေတာပဲ။ နေ့စဉ် ၁ ကြိမ်လောက်တော့ ကိုယ့်ချစ်သူကို ပြောလိုက်ပါ ။ ဒီစကားလေးကို ကြားရတဲ့ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျာင်္းလေးပဲဖြစ်ဖြစ် ကိုယ့်အပေါ် ယုံကြည်စိတ်ချမှု ပိုတိုးလာပါတယ် ။ ဒါ့အပြင် ကိုယ့်အပေါ် တုံ့ပြန်ချစ်စိတ်တွေလည်း သူ့ဆီမှာ နိုးကြားလာပြီး အချစ်တွေ နုပျိုရှင်သန်နေပါလိမ့်မယ် ။

၂။ ကိုယ့်လက်တွဲဖော်ကို သူ မမျှော်လင့်လဲ ရုတ်တရက် ပွေ့ဖက်လိုက်တာ၊ ကြင်နာမှုအပြည့်နဲ့ အနမ်းပွင့်ခြွေလိုက်တာ၊ ဒါမှမဟုတ် ကလိထိုး စနောက်လိုက်တာမျိုးဟာ သူ့ကို ရုပ်ပိုင်းဆိုင်ရာ လန်းဆန်းအားတက်မှုကိုဖြစ်စေပါတယ် ။ အရေးကြီးတဲ့ အပြုအမူ ၃ ခုလို့ ဆိုချင်ပါတယ် ။

၃။ ဓါတ်ပုံဟောင်းလေးတွေကို ၂ ယောက်အတူ ပြန်ကြည့်ရင်း တစ်ချိန်က သတိရစရာလေးတွေ၊ ချစ်ပုံရိပ်တွေကို စမြုံ့ပြန်ကြတာဟာလည်း နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ် ။

၎။ ချစ်သူရဲ့ မွေးနေ့နဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ကို မမေ့စေနဲ့ ။ ဒီထက်အရေးကြီးတာ ဘာမှမရှိလို့သာ အပြီးတိုင်မှတ်ထားကြစို့ ။

၅။ ပြုံးပြပါ ။ ဘာအကြောင်းမှမရှိလည်း ပြုံးပါ ။ တစ်ဦးနဲ့တစ်ဦး ပြုံးပြီးကြည့်ပါ ။

၆။ သင့်ချစ်သူကို သင် ဘာကြောင့်ချစ်တယ်ဆိုတာ ပြောပြဖို့လည်း မမေ့ပါနဲ့။ ရိုးသားလို့၊ဥာဏ်ထက်လို့၊ စိတ်ကူးသစ်တွေရှိလို့ သဘောကျမိတာ ဆိုတာမျိုး ပြောပြထားခြင်းဟာ သူ့စိတ်ဓါတ်နဲ့ သူ့အားမာန်ကို အကောင်းဆုံးပြုစုပျိုးထောင် ပေးခြင်းပင် ဖြစ်ပါတယ် ။

၇။ သင့်ချစ်သူပြောချင်တဲ့ စကားလေးတွေကို နားထောင်ပေးပါ ။ကိုယ်နဲ့တိုက်ရိုက် မသက်ဆိုင်ရင်တောင် သူ့ရင်ထင်မှာ တင်းကျပ်လို့ ဖွင့်တာကို ဂရုတစိုက်နားထောင်ပေးတာဟာ သူ့ကို သိပ်ကြင်နာရာ ရောက်ပါတယ် ။ကိုယ့်အကြိုက်နဲ့ ထပ်တူကျကျ မကျကျ အတူတူမျှဝေပေးတယ်ဆိုတာ ချစ်သူတွေကြားက အရေးပါတဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ် ။

၈။ လက်ကို မြဲမြဲဆုပ်ကိုင်ပေးပါ ။ သိပ်ရိုးစင်းတဲ့ အပြုအမူပဲလို့ ထင်စရာရှိပေမဲ့ ကြင်နာသူကို သိပ်အားရှိသွားစေတဲ့ အားပေးမှုဆိုတာ အသေအချာပါ ။ လက်ချင်းမြဲမြဲဆုပ်တာ တကယ့်အားဆေးပါ ။

အားလုံးပဲ ကိုယ်ချစ်တဲ့သူနဲ့ အဆင်ပြေနိုင်ကျပါစေ။             မေးလ်ထဲရောက်လာတဲ့ စာလေးပါ။

Thursday, 16 June 2011

{ချစ်သူ ကွန်မှတ်} 12-06-2011=02-50 am

ကွန်မှတ်တော့ရေးချင်ပါတယ် သူသစ်စာမဖေါက်သ၍ 
မမုန်းမေ့ပါဘူးရယ်လို. ကမ္ဘာကြီးကိုသက်သေတည်
နေကြည်ရောင် နေ.စဉ်လင်းနေသ၍
ချစ်နေမှာမင်းတစ်ယောက်ထဲပါ ပြောလောက်တယ်နော၊်
နောက်တစ်ယောက် အသစ်မရှာဘူး မင်းစိတ်ညစ်မှာစိုးလို.
အပျစ်တွေတွေ.တိုင်း အချစ်တွေကိုမြင်ပါ
နှင့်အပေါ်မှာ ငါလောက်ကောင်းတဲ့ရည်းစား
တစ်ချားရှိမှာမဟုတ်ဖူး ကမ္ဘာကြီးသိတယ် ရင်ထဲကအချစ်၊
နင်သာငှကိုမုန်းသွားမယ်ဆို အရှုံးလို.သတ်မှတ်လိုက်မယ်
ပြုံးနေတဲ့ငှမျက်နာ ရင်ထဲ့ကဆန္ဒလုံးဝမပါဘူး နားလည်ပေးပါ
ပြုံးတတ်ရင်လှပေမဲ့ ဟန်ဆောင်ပြုံးရင်တော့ အလက်ကားဘဲ
အကြင်နာတသက်စာအတွက် ရင်မှာရှိနေတဲ့ ကွန်မှတ်တွေ
အားလုံးထားခဲ့မယ်နော် တစ်ဘဝစာ အချစ်
အမြဲတန်းမင်းအတွက်ဖြစ်နေမယ် ဇွတ်အတင်း မတိုက်တွန်းချင်ပေမဲ့
ယုံလိုက်ပါ ချစ်သူ။
                                               91 ကန္တာရ  စစ်ကိုင်းတိုင်း
                                                 ……………………….

{ပေါက်ကွဲနေတဲ့ ကန္တာရ} 10-06-2011=12-11 am


မင်းချော့တိုင်း ပျော့သွားရအောင်
ခပ်ညံ့ညံ့ယောင်္ကျားတွေထဲမှာ ငါမပါဘူး
ရော့ယူ အင့်ပြန်ပေးဘာလို. အချစ်ကိုကစားနေရအောင် ငါကလေးမဟုတ်တော့ဘူး 
ဝတ္ထုဖတ်ပီး စိတ်ကူးယဉ်နေရအောင် ငါသူ.ဌေးသားမဟုတ်ဖူး
မင်းအလိုကြ လုပ်ဆောင်ပြရအောင် အချစ်သူရဲကောင်းလဲ
ငါမဟုတ်ဖူး မင်းချစ်ချင်မှချစ် မင်းမုန်းချင်မုန်းလို.ရတယ်
မင်းကိုငါ ချုပ်နောင်မထားပါဘူး မင်းရှောက်တဲ့လမ်းမှာ
ခလုတ်ကငါ မဟုတ်ဖူး။
                                     91 ကန္တာရ စစ်ကိုင်းတိုင်း                                      ..............................
                                     

Sunday, 5 June 2011

{ချစ်သူဟောင်း} 05-06-2011- 12-40 am

ဒီမှာကောင်မလေး လေမုန်းတွေတိုက်တိုင်း ငါတိုရဲ့အချစ်တွေ
ရိုင်လဲရတော့မှာလား မင်းပြောတော့ခိုင်မြဲပါတယ်ဆို
အခုတော့ အလွယ်တကူနဲ.ရိုင်လဲတော့မျာလား
မင်နဲ.ငါ ချစ်ခဲ့ရတာ အိမ်မက် မက်နေရတော့မဟုတ်ပါနော်
ငိုနေချိန် ပဝါလေးထုတ်လို. သုတ်ပေးခဲ့အငိုမျက်ရည်တွေ
မင်းမေ့သွားပီလား၊
အတင်းတိုးဝင်ခဲ့ဖူးတဲ့ ကိုရင်ခွင်ကို ခြေစုံကန်ထွက်ပြေးသွားပီလား
ဟန်ဆောင်ကာအငိုမပြတော့ပါဘူး လွမ်းနေလဲဘာမှမထူးလို.
နေရာဟောင်းလေးက ကိုယ့်အတွက်အလွမ်းပြေ၊
မင်းပေးခဲ့ဖူးတဲ့ ပန်းတွေ နွမ်းခြောက်သွားပေမဲ့
 လွမ်းသလောက်တော့ မွေးနေပါသေးတယ်
အခုတော့ကိုယ်တစ်ယောက်ထဲ လွမ်းစရာပန်းပင်အောက်မှာ
ပန်းကောက်ရင်းမင်းကိုမျှော်၊
မျှော်နေတာမင်းမသိလို.လား သရော်သရောင်အပြုံးတွေနဲ.
မင်းတကယ် မုံန်းသွားပီလားမိန်းကလေး
မင်းရင်ထဲက အချစ်တွေကိုနားလည်နိုင်ဆုံးသူက ဘယ်သူလဲ။


{ငွေကိုမြင်ရဲ့လား} 05-06-2011 02-15 am

အချစ်ကကျွန်တော်အတွက် သာရတဲ့ကဗျာတစ်ပုတ်ဖြစ်မလာခဲ့တော့
ကြမ်းထန်းတဲ့ အိမ်မက်တွေကို နေ.တိုင်းမက်ခဲ့ရတယ်
မလှပတဲ့ကျွန်တော်ရဲ့ဘဝဟာ ခံစားချက်တွေလဲမှေးမိန်တယ်
အချစ်ကိုရင်နာနေလဲ ဘဝဟာ ထူးခြားမလာပါဘူး၊
တစ်ခုတော့ရှိတယ် သုံညဟာသူ.ကြီးဘဲအသုံးမကြပေမဲ့
သူ.ရဲ့ရှေ.မှာ ဂဏန်းသာတတ်လိုက်
လိုက်ဖက်တဲ့ ဖယ်ရှင်ရှိုးလို ဝိုင်းနေတဲ့ပရိတ်သတ်တွေအများကြီပါ၊
အင်အားကြီးလွန်းတဲ့ ငွေ အနေရခက်အောင် ကျွန်တော်ကိုကြည့်တော့
တန်ဖိုးဖြတ်တဲ့မျက်လုံးတွေနဲ. အကြည့်ခံလိုက်ရတဲ့ကျွန်တော်
ကိုကိုယ့်ကို အဖိုးနိမ့်သူလို.ခံစားလိုက်ရတယ်၊
ကံကိုမယုံတဲ့လူ ဘဝကိုပုံခြတယ် ဘဝကိုမယုံတဲ့လူ ကံကိုပုံခြတယ်
ဘာကိုမှမယုံတဲ့ကျွန်တော် ကဲ့ရဲ့တတ်တဲ့ပတ်ဝန်းကြင်ကိုအပြစ်ပြောချင်တယ်
ကဗျာမဆန်တဲ့အချစ်ကို တမင်တကာလိုက်မရှာတော့ပါဘူ
အပျင်းပြေ ကဗျာပဲရေးတော့မယ်။
                                                                 91  ကန္တာရ စစ်ကိုင်းတိုင်း
                                                                   …………………………

Friday, 3 June 2011

အပြုံးရဲ့နောက်က မာရာ

အချစ်သည်က ရှာနှစ်ခွ အမုန်သည်က မမြင်ရ၍
နောက်ကွယ်ရာ၌ ဖေါက်ပြန်တတ်သောမိန်းမသည်
ချောမွေ.လပသောစကားကို ပြောလေ့အမြဲရှိ၏
မှာရွင်းနေသောအချစ်သည် သတ်ပုန်အမြဲမမှန်
ငါကဲ့သို့မထင်သောငွေ ငှကိုလဲမခင်၊
အချစ်သည်လက်ရှိ၌ အပေါဆုံးဈေးကွက်ဟုကျွန်တော်ထင်
ငွေမက်လွန်းတဲ့မိန်းမ အချစ်ဆိုတာကိုသူနားမလည်၊
မသိသူတစ်ရောက်ရဲ့ကျွန် မလွန်ဆန်နိုင်တာကအချစ်
အပြစ်ရှိသူကဘယ်သူလဲ အပြစ်လုပ်သူကဘယ်သူလဲ၊
အလတရားရဲ့နောက်ကွယ်မှာ မာဏအပြုံးတွေရှိမယ်
ကျွန်တော်နေ.တိုင်းမြင်တွေ.နေရတဲ့ ရှာနှစ်ခွနဲ့မိန်းမ။
                                                               .......91 ကန္တာရ စစ်ကိုင်းတိုင်း

မြင်နေတဲ့ ကဗျာ

 ဘဝကလှေ အချစ်ကရေ အချစ်ရေပြင်ထဲကို
ဘဝလှေနှစ်မသွားအောင် အချစ်ကိုကြည့်ရှာပါ၊
နှစ်နာရင်ကိုဘဲ ဘယ်သူ.ကိုအပြစ်ပြောရမှာလဲ
ရင်နာနေလဲ မထူးတော့ဘူးနော် ၊
အကြင်နာ တသက်စာအတွက် ကြင်ရကောင်းကိုရှာပါ
ရှားပေမဲ့ ရှိပါတယ် သိအောင်ကြိုးစား၊
မှားပီးမှပျင်တာထက် မမှားခင်ကစဉ်းစားပါ
အချစ်မပါတဲ့ဖူးဇာကို ဦးရာလူယူပါမလုပ်နဲ.၊
ကံဆိုတာလူရဲ့ဖန်တည်းမှု အမှန်တရားကို ဘုရားကြိုက်တယ်
ကိုကြိုက်တာဘဲမလုပ်နဲ. စဉ်းစားတာလူ စဉ်းပေးတာစားတော့နွား
ကိုယ့်ကိုကိုယ် အရင်ကြည့် သိမှာပါ ၊
လူမိုက်ကိုမမြင်ချင်ရင်တော့ ကိုယ့်ရှေ.ကမှန်ကို
ရိုက်ခွဲလိုက် ။
                                                  91 ကန္တာရ  စစ်ကိုင်းတိုင်း
                                                    ...........................

Saturday, 7 May 2011

25-december-2004

ခေါင်မိုးက ဓနိအပေါက် မောင့်မျက်နာလှရောင်ထို.မှ
လှန်.နိုးတော့အိမ်မက် ဆောင်းရက်တွေညတန်းရှည်လဲ
အိမ့်မက်တွေကိုပိုင်စိုးတဲ့သူ စိတ်ကူးလဲမရင် မြင်လဲမပြင်ဖူး
ဆောင်းညရဲ့ အိမ်မက်တွေကို အပိုင်ယူထားတဲ့သူ စိတ်ကူးရင်မဆန်ခဲ့ပေမဲ့
လွမ်းရအောင် သူဖန်ဇဉ်းတယ် အိမ်မက်ပိုင်ရှင်၊
တွေ.ချင်တယ်အပြင်မှာတကယ် နင်ဘယ်မှာရှိနေလဲ အိမ်မက်နှတ်သမီး
ဂုဏ်ရေမတူလို ထွက်ပြေးတာလား ဝေးခဲ့ရပြီ ကို.အိမ့်မက်တွေ
တန်းတနေလဲမထူးပါဘူး မင်းသိရင်ကိုကြေနပ်တယ်
သတိရ မှတ်တန်း  25- december - 2004  ကိုလွမ်းလို.။


{ဥယျဉ်မုနှလုံးသား}

အညာမခိုင်သေးတဲ့ပန်း လေသရန်းလို.ကြွေ
လွမ်းလေပြီဥယျဉ်မူး မည်သူနှင့်မျှမတူ
ပန်းစိုက်သည့်လက် ပန်းမခူးရက်ပါ
နွမ်းကြွေမှာကို စိုးကြောက်သည်
အလှကြည့်တတ်သည့် ဥယျဉ်မူး၊
ပန်းဝယ်သူမဟုတ်ပါ ပန်းစိုက်သူသာဖြစ်သည်
နုညံ့တဲ့နှလုံးသားကို ကြမ်းထန်းတဲ့စကားတွေနဲ.
ပြောပြီးတော့ နုတ်ဆက်သွားတယ် အလှသက်သက်ပါ ပန်းကလေးရယ်၊
ကိုယ်မနမ်းရက်ပါဘူး ပန်းဝယ်သူလက်ထဲမှာ
မင်းဘဝ မင်းအလှ ခိုင်မြဲပါစေ၊
လွမ်းရင်းနဲ.ကျန်ခဲ့ပြီ ဥယျဉ်မုနှလုံးသား
မုန်းလို.တော့မထင်ပါနှင့် ပိုင်ဆိုင်ခွင့်မရှိလို.ပါ
စွန်.ခွာရက်သူ ပန်းကလေးရယ်။

{မသိလို.လား}

လိုချင်တာကဥစ္စာ ပေးနိုင်တာကမေတ္တာ
ဖြူစဉ်တဲ့အချစ်ဆိုတာ ငွေရှိမှဖြစ်တာလား
မွန်းကြပ်နေတဲ့ ခံစားချက်တွေ
အဖြူရောင်စာရွက်ပေါ်မှာ တင်ကျန်ခဲ့ပြီ၊
ရိုးလွန်းတဲ့တက်ကို နောက်တစ်ချက်မခေါက်တော့ဘာဘူး
ဒုက္ခဟာ ကျွန်တော်ရဲ့ သူငယ်ချင်း
ပညာမတတ်ပေမဲ့ ခံစားချက်တော့ရှိတယ်
ဆင်းရဲတဲ့ အညာသား၊
ငွေနဲ.ရောင်းလို.မရတဲ့ ရိုးသားမှုတွေ
ကျွန်တော်ဆီမှာရှိတယ် လိုချင်ရင်လာယူပါ
အလကားပေးမယ် ဈေးတော့မဆစ်နဲ.၊
အပြစ်မဲ့တဲ့ ချစ်ချင်းတရားကို
နားလည်မှုလွဲကြသူတွေ ဒုက္ခကိုပြုံးပြနိုင်ကြလား
အလှေ.ကျင့်တော့လုပ်ထားနော် ကြုံဖူးရင်သိမယ်။

                                                                91  ဂန္တာရ  စစ်ကိုင်တိုင်း
                                                                  ...........................

တေလေလူမိုက်

စိတ်ကြိုက်လွင့်မျော နေရတာကိုယ်အားကြလို
မိုးတိမ်ဖြစ်ချင်တဲ့ လူငယ်တွေ အများကြီး
အများမသိတဲ့ မိုးတိမ်တွေမှာ
ကိုယ်ပိုင်ရပ်တည်ချက်နဲ. နေရာအတိအကျမရှိပါ
မျော်လင့်ချက်နဲ.လူအတွက်
သရော်သံတွေထွက်နေတဲ့ ပတ်ဝန်းကျင်
မမြင်ယောင် ဆောင်ကြသူမျာ
မှားနေလျှက်အမှန်ထင် မှန်အောင်ပင် မကြိုးစား
အများပြောတော့ မကောင်းမြင်
ဒိတွေကို ဘုရား သခင်သိတယ်
ဥပုတ်သိလ မစောင့်ကြရင်တောင်
စိတ်ကောင်းရှိဖို.တော့ကြိုးစားကြပါ။
                                                  91 ကန္တာရ စစ်ကိုင်းတိုင်း
                                                   ..........................

Sunday, 1 May 2011

life

"I come to belive that in her
voice was all the music song,
in her face all beauty of
painting,in her soul all the
emotion of the poem.

"A broken heart is
a pleasant complaint
for a man if he has
a comfortable incom"

"As you grow old,
i too shall grow old,
and when i am eighty,one
white hair of the woman
i love will make me
tremble more than
the thickest gold
stress from the most
beautiful young heard"

သင်ခါရ

since we were born'
bathe in tears.
Again' when we are grown-up
and in trouble'
we are in sorrow.
In this impermanent world'
happiness is rare
for aman with greeds
could you say the day we ;ll die?
that's why,may I soggest you
to do merit and avoid the evil deeds.

see you သူငယ်ချင်း

ဟေ့သူငယ်ချင်း"see you"ဆိုတဲ့စကားကြောင်း
တို.တတွေဝေးနေရတာလား အများမသိနိုင်တဲ့
ခံစားချက်တွေတော့ ရင်ထဲမှာကိုစီရှိကြမှာပါ
အမှန်တရားနဲ. အမှားကိုတော့ ခွဲခြားနိုင်ပါစေ၊
အောင်မြင်မုတွေနဲ. တစ်ဖက်ကန်းမှာ
တို.တတွေပြန်ဆုံကြမယ် အပြုံးတွေနဲ.၊
"bye bye"လို.နုပ်မဆက်ပါနဲ.
ကျန်ခဲ့သူ အနေရခက်လို.ပါ လွမ်းရတယ်သူငယ်ချင်း၊
ဘဝရဲ့ရှေ.တန်းမှာ အလွမ်းဆိုတဲ့ ဇတ်ကိုခင်းကာ
လွမ်းကြသူတွေကြီးပါ၊
"honour"ဆိုတဲ့ဂုဏ်ပြုသည့် စကားကိုကြားရပို.အတွက်
ကြိုးစားနေရဦးမှာပေါ့ အဝေးကသူငယ်ချင်းရေ။

                                                91 ကန္တာရ စစ်ကိုင်းတိုင်း
                                                ...................

Wednesday, 9 March 2011

လက်ရှိ ကန္တာရ

အချစ်နှင့်တစ်ယူဇနာ အကွာဝေးမှာကျွန်တော်ရှိတယ်
ခများနှင့် ကျွန်တော်လမ်းမှာတွေ.လို. ပြုံးမပြခဲ့ရင်ခွင့်လွတ်ပါ
မာဏကြီးတယ်လို. မထင်ပါနှင့် မပြုံးတတ်လို.ပါ
ပြုံးလိုက်ရင် မဲ့သလိုမျိုးဖြစ်တတ်လို. ပုံမန်ပဲနေပါရစေ၊
ပန်းပေးခြင်းရဲ.သင်ကေတဟာ အရှုံးပေးခြင်းဆိုရင်
ကျွန်တော်ဘယ်သူကိုမှ ပန်းမပေးဘူး
ဘယ်သူပေးတဲ့ပန်းကိုမှလဲ ကျွန်တော်မယူဘူး
ခများကိုမကြည့်လို. မုန်းတယ်မထင်ပါနှင့်
မချစ်တတ်လို.ပါ၊
ငြိမ်းခြမ်းရေးရဲ.သင်ကေတဟာ အဖြူရောင်ဆိုရင်
ကျွန်တော် အဖြူရောင်ကို ကြိုက်တယ်
အချစ်ရှိရင် အမုန်းရှိမယ်ဆိုတဲ့စကား
တကယ်မန်ခဲ့လို. ချစ်တဲ့သူတိုင်းမုန်းကြရမယ်ဆိုရင်
ဘယ်သူကိုမှ မချစ်ဖူး ဘယ်သူကိုမလဲ မမုန်းဘူး၊
အပေါင်းအသင်းနည်းလတဲ့ ကျွန်တော်အတွက်
ချစ်သူရီးစားဆိုတာ စီးကရက် လောက်တောင်
ကျွန်တော်အနားမှာ ကြာကြာမနေဖူးပါဘူး
အခုချိန်ထိ တတ်ယောက်ထဲ။


{ကိုတိုင်မသိတဲ့လူ}

စာမရေးတတ်တဲ့လူ စာတော့ဖတ်တတ်တယ်
ရီးစားမရှိတဲ့လူ စိတ်ကူးရင်လို.တော့ရပါတယ်
ဒါပေမဲ့ ဆင်းရဲသားကျွန်တော် အတန်းကျောင်းမနေခဲ့ရဘူး
တစ်ဖက်သတ်ချစ်တဲ့လူ မြင်နေယုံနဲ.ကျေနတ်ရစမျဲ
ရီးစားမရှိတဲ့လူ ဝတ္ထုအမြဲတန်းဖတ်တယ်
ရီးစားရှိတဲ့လူ ကဗျာ နဲ. ဒဿနကိုဖတ်တယ်
မိသားစုကိုသတိရတဲ့ ကျွန်တော်
ဘုရားရှိခိုးကို ဖတ်ရတယ်။
လူချမ်းတွေ လက်ရှိအနာဂတ်မှာ ဂုဏ်ယူကြတယ်
ဆင်းရဲသားတွေ ပစ္စုပ္ပန်အတွက် ဆုတောင်းကြတယ်
အချေနေလူတန်းစားကျွန်တော် အချိန်အခါရ
ငြိမ်းချမ်းရေးကို လိုခြင်ပါတယ်။
စာတတ်သူတွေ မိုက်မဲရူးသွတ်တဲ့စိတ်ဝင်လာရင်
စာမတတ်သူတွေထက် ပိုဆိုးသတဲ့
စာမေးပွဲ မဖြေဖူးသေးတဲ့ကျွန်တော်
ဘယ်လိုပုံ နေနေပါသလဲ။
မင်းကိုယ်မင်းသိရဲ့လား
အသေချာစဉ်းစား
အထပ်ထပ်စဉ်းစား
မင်းကိုယ်မင်းသိရဲ့လား
သေချာတာ တစ်ခုပြောမယ်
မင်းကို ငါမသိဘူ။

                                         91 ကန္တာရ စစ်ကိုင်းတိုင်း
                                         ...................

ကောင်းကင်ငိုတဲ့ည

တိမ်တိုက်တွေညို ကောင်းကင်ငိုတာ
အဲ့ဒါမင်းကို လွမ်းလို.ပေါ့
ခေတ်တွေကဆန်း ဒဇိုင်းတွေလန်းလဲ
အကြွမ်းတဝင် ချစ်ခဲ့သူကမင်းပါ
အနားမှာမင်းမရှိပေမဲ့ နှလုံးသားမှာမင်းရှိတယ်
ပြောပြရင်မယုံနိုင်ဘူး မိုင်းနေတဲ့ကို.စိတ်
တိမ်တိုက်တွေက ကို.မျက်ဝှန်း
ရွှန်းလည့်အောင် ပြုံးနေပေမဲ့နှလုံးသားကငို
ဒီနေ.အထိမေ့လို.မရတာ မင်းထွက်သွားတဲ့ည
လမ်းကြုံရင်ဖတ်လိုက်ပါ ကဗျာဆန်သူတစ်ယောက်ရဲ့စာ။


ကဗျာမဆန်တဲ့ စကား

ရင်ကိုခွဲကြည့်ရင်တောင် ချစ်တတ်တဲ့အသည်းနှလုံးကိုတွေ.မှာမဟုတ်
ကြွေကွဲပျက်စီးသွားတာကြာလို. နေသားကြနေပါပြီ
လူချမ်းသာအသိုင်းဝိုင်းက ဆင်းသက်လာတဲ့
သူဌေးသားတစ်ယောက်ရဲ့ ပါးစပ်က အသည်းကွဲပါတယ်ဆိုတဲ့စကားဟာ
ကဗျာဆန်ပေမဲ့၊
ဆင်းရဲသား အမျိုးနွယ်က ဆင်းသက်လာတဲ့
အခြေနေလူတန်းစား ကျွန်တော်ပါးစပ်ကပြောတဲ့
အသည်းကွဲစကားဟာ ထင်သလောက်တော့ ကဗျာဆန်မှာမဟုတ်ပါဘူး
အငြိုးတွေကင်းပါစေ မန်ဝင်နေတဲ့ အိမ်ကြီးရှင်
ဒဏအပေါ် ဂုဏ်မှောက်ပြီးတော့ လုဘုန်ခြုံအောက်မှာ ခုန်ပေါတ်နေတဲ့သူတွေ
နံနက်မိုးသောက် အလင်းရောက်လို.ဗျောခေါတ်မီးမိတ်ရင်တော့
အားလုံးသောလူတွေ စိတ်တတ်ပျက် မှိတ်ကပ်ဖျက်ပြီး အိပ်ရာဝင်ကြရမှာပါ
သင်ခါရလောကမှာ ဂုဏ်ဆိုတာကြီးက ဘုန်လိုပဲ တီးတိုင်းမည်သလား
ဆင်းရဲသား ကျွန်တော်ရဲ့ အမေး။


တစ်ကယ် မုန်းလို.လား

အရင်တုံးကဆက်ခဲ့ဖူးတဲ့ မင်းရဲ့"telephone"
အခုတော့ ကော်နရှင်တွေ ပျက်လို.
ဆက်သွယ်မုဧရီယာ ပြင်ပမှာ"network out"သွားပြီလား
ရေးခဲ့တဲ့စာ မသေခြာလို.လိပ်စာမမှန် ရွာမပြန်ပဲ
ဘယ်စီကို ခရီးဆက်သွားပါလိတ် လူမကြုံလို.လား၊
မျက်နာလွဲသွားရတာကို ကိုယ်သိတယ် ဒါပေမဲ့
မကြည့်ဝန်.လို.လား ကြည့်ခွင့်မရှိလို.လားဆိုတာ ကိုယ်မသိဘူး၊
ဟန်ဆောင်အလ ဟန်ဆောင်အကနဲ.ဆက်လက်ပြုံးပြနေဦးမှာလား
မညာတတ်ပါဘူးဆိုပြီးတော့"lie"ဆိုတဲ့အက္ခရာကို သုံးလိုက်တာလား
ဘဝလေမုန်းတွေ တိုက်တဲ့ကြားမှာ နှလုံးသား"network"
ပျက်သွားပြီလား၊
မင်းရင်ထဲက ဖြစ်ပေါ်လာတဲ့ အချစ်ကို
ဈေးကွက်တင်လိုက်ပြီလား"please"အချစ်ကိုမရောင်းပါနဲ.။
                                                             91 ကန္တာရ စစ်ကိုင်းတိုင်း
                                                             ........................ 

အချစ်လေးအတွက် ကဗျာ

 မမြင်နိုင်တဲ့ သံယောဇဉ်နဲ.ခြည်
ရင်ခွင်မှာ ကဗျည်းထိုးထားတဲ့အချစ်
 ဟန်ဆောင်ပြီးတော့ မပြုံးပါနှင့်ချစ်လေး
 တကယ်ချစ်တော့ မေတ္တာမန်
 ကဗျာဆန်သူ တစ်ယောက်ရဲ့အတွေး
 မှိန်ဖြော့နေတဲ့ စိတ်ကူးနဲ. ရေးခဲ့သည့်စာ
ကြယ်ကြွေတဲ့ည မိန်းမလှတစ်ယောက်ရဲ့ အပြုံး
 အမုန်းဆိုတဲ့ကြိန်စာ မသင့်ပါရစေချစ်လေး
 ရင်ခုံခဲ့တာက ဇတ်လမ်းတစ်ပုတ်အလား
 အမောင်ကွယ်နေတဲ့ အချစ်အတွက်
 အလင်းရောင်ပေးပါ လှမင်းကြီး
 ခင်မင်တွယ်တာခြင်းကို ကျော်နိုင်ဖို.
 မာရာဆိုတဲ့ ရန်သူကြီးနှင့် ဝေးပါရစေ
 အတွေးလေထဲ မျောနေတဲ့အချိန်
 တွယ်ရာမဲ့နေတဲ့ တိန်တွေလို
 မှိန်ဖြောနေပြီလား ကိုယ့်ရဲ့အချစ်
 ထာဝရ အချစ်လေးလို.ခေါ်တော့မယ်။

{အညာသူလေး}

 
စာစီ၍မမီနိုင် ကမ္ဘာချီမယ့်သူ.အပြုံး
ဆေးပန်းချီမိုင်ကာ ရှုံးတယ်
ညိုချောလေး အညာသူ
ခေတ်မဆန်သူ ယဉ်ယဉ်ကလေး
မှင်ဆေးမကူပဲ ယဉ်ကျေးတဲ့ တောသူ
သနတ်ခါးပါးကွက်ကြားနှင့်
ပြုံးဟန်မူကာလှတဲ့သူ
နှတ်ရှင်နောင် နှင့် ဓါတုကလျှက်ရာ
သွန်းပြုကာငွေရတု ပြုခဲ့သည့်စာ
အညာသူ မရွှေချော အပြောလေးနဲ.တင်ရုံ။

{ဧပြီ မိုန်တိုန်း}

လေမုန်းတွေတိုက် လှမိုက်တဲ့ ညသန်းကောင်
အမောင်တုက ကိုနှင့်ပြိုင် မိုင်းနေသည့်မိုး
ဝလာအညိုးနဲ. မန်တင်းတဲ့ လျှက်စည်း
အော်ငြီး၍ ကောင်းကင်ငို
တိန်ညိုတွေမန်မာနနဲ. ဖိုးရွှေလှကိုဖုံး။
မမျော်လှင့်ဘဲ မင်းနဲ.ဆုံ
သံယောဇဉ်ကြုံတေတာ့ လမ်းခွဲ
ဝမ်းနဲခဲ့ရပြီ အချစ်ရေ။
ဧပြီလ ၆ ရက် မင်းပေးခဲ့တဲ့ ချစ်အဖြေ
နှစ်တွေကြာခဲ့ပေမဲ့ သိန်းထားစဲရင်မှာ
အကြင်နာ မင်းရဲ့အပြုံးကို
ရင်ခွင်မှာ သိန်းစဲထားပေမဲ့
တမင်တကာ မေ့သွားပြီလား အချစ်ရယ်
ကြင်နာမုအစက ဧပြီ
ဝေးခဲ့ရတော့လဲ ဧပြီ
အပြင်မှာ မိုးတွေရွာနေလဲ
ရင်မှာ မရွာတဲ့မိုး
မိုးနှင့်ပြိုင်သည့် အလွမ်းမျက်ရေ
ဝေးနေလည်း ချစ်နေစဲမို.
ထားရှိခဲ့ သံယောဇဉ်
ချစ်နေပေမဲ့ ဝေးခဲ့ရပြီ
ဇတ်လမ်းက တစ်ခန်းရပ်
မှတ်တန်း ဧပြီ။
                                                       91 ကန္တာရ စစ်ကိုင်းတိုင်း

ရင်ထဲကဒဏ်ရာ

မြင်တွေ.နေရတဲ့ အချိန်ရဲ့စိုးရိန်စိတ်တွေဟာ
မမြင်တွေ.ရတဲ့ နေ.ရက်တွေမှာ ကို.ရဲ.စိတ်ကိုပိုပြီးလုတ်ရှားစေတယ်၊
ခင်မင်မှုမြစ်တစ်ဇင်းကို မေတ္တာလှေနှင့်ကူးခဲ့ပြီး
သံယောဇဉ်ကမ်းဇတ်မှာ လက်ပြနုတ်ဆက်ခွါသူ
ဘဝပင်လယ်ကို ကျော်ဖြတ်ဖို.လော်ခတ်သွားပြီလား၊
တူညီမုမရှိတဲ့ နားလည်မုတွေကြောင့်
ငြိမြခြင်းဆိုတဲ့ ခလုပ်ကိုနိတ်ဖို. မကြိုးစားခဲ့တာပါ၊
ရိုးသားမှုကို ငွေနဲ.ရောင်းလို.မရဘူးတဲ့
အဲ့ဒီရောင်းလို.မရတဲ့ ရိုးသားမှုတွေရော
မင်းရှည်မှာရှိရဲ့လား၊
ထိချက်ကမပြင်းပေမဲ့ ဒဏ်ရာကတော့
သေရာပါနိုင်တယ် ရွှေရောင်ဓါးနဲ့ထိုးတာမဟုတ်ဖူး
အဆိတ်များနဲ့ပစ်သွားတာ။
                                           91 ကန္တာရ စစ်ကိုင်းတိုင်း
                                           .......................

Saturday, 5 March 2011

ဒဿန

"သဲဂန္တာရကအော်သံကို အိုအေဆစ်က မကြားရဘူး။

"မောင်မိုက်တဲ့ အတိတ်ပြီးတဲ့နောက်မှာ
အရောင်မှိန်တဲ့ ပစ္စုပ္ပန်သည်ပင်လျှင်
တောက်ပြောင်တဲအနာဂတ်လို.
ထင်ချင်လာတယ်။့

" လောကနိတ်ဗန်တည်ဆောက်ဖို. ကတိပေးသူတွေကို
ငရဲပြည်က စောင့်ရတာ မောလှပြီတဲ့။

"ဒုတိယအချစ်ကို မတွေ.မချင်း
ပထမအချစ်ကို နောက်ဆုံးအချစ်လို.ထင်ခဲ့တယ်။

"သတင်းအစနမရှိဘဲ ပျောက်ဆုံးသွားတဲ့
မျှော်လင့်ချက်တွေဟာ စတေးခံလိုက်ရတာတွေထက်
ပိုများတယ်။

"လူငယ်တွေကို အပြစ်မတင်နဲ. ကိုယ့်ကိုယ်ကိုယ်
ပြန်သတိရစန်းပါ သတိရနိုင်စွမ်းရှိရင်ပေါ့လေ။

"ဆင်းရဲသားတွေကို ဘုရားသခင်ချစ်တယ်
သူတို.ပဲ နေစဉ်နဲ.အမျ အားကို.တကြီး
 ဘုရားကို ရှိခိုးတာကလလား။

"တရားစာအုပ်ကို တချို.လူတွေ
မဖတ်ကြဘူး သူတို.ပဲရေးတာကို။

"လုပ်မိတဲ့အမှားတွေရဲ့ အရေအတွက်က
အရည်အသွေးအဖြစ်ကို ပြောင်းလာရင်
အဲ့ဒါ ဘဝအတွေ.ကြုံပဲ။

"ကိုယ့်ကိုယ်ကိုယ် မကျေနတ်တဲ့လူထက်
ဘဝကိုမကျေနတ်တဲ့ လူပိုများတယ်။

"အတူတူ ရယ်ဖူးတဲ့လူကို မေ့လို.ရတယ်
အတူတူငိုဖူးတဲ့လူကို မေ့လို.မရဘူး။

"ဒုက္ခရောက်နေတဲ့ သူငယ်ချင်းကို
ခင်များဝင်းကူခဲ့ရင် နောက်တစ်ကြိမ်
သူဒုက္ခရောက်ကြည့် ခင်များကို
မုတ်ချသတိရလိပ်မယ်။
                                                           copy ဒဿန